Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ဆက်လက်ပံ့ပိုးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိပြော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် နေပြည်တော်သို့တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံ ရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ယနေ့ ဧပြီ ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် မစ္စတာဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်မှုအပေါ်ဝမ်းမြောက်ကာ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပံ့ပိုးမည်ဟု ဆွေးနွေးပြောကြားသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုအခြေခံသည့် မြန်မာနိုင်ငံက ယုံကြည်အားကိုးနိုင်လောက်သော အိမ်နီးချင်းနိုင်ငံအဖြစ် ရပ် တည်မည်ဖြစ်ကာ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်လိုပြီး နှစ်နိုင်ငံကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုပိုမိုခိုင်မာစေရေးအတွက်ဆောင်ရွက်သွားမည်ဖြစ်ကာ နှစ်နိုင်ငံအကြီးအကဲများကြား သဘောတူညီချက်များကို ထိရောက်စွာအကောင်အထည်ဖော်ရေးကြိုးပမ်းသွားမည်ဖြစ်ပြီး ကဏ္ဍစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံကြားရှိ စီမံကိန်းများကို အရှိန်အ ဟုန်မြှင့်တိုးချဲ့ဆောင်ရွက်မည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့အတူ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေကလည်း […] The post မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ appeared first on Popular .
Go to News Site