Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၅ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုသော်လည်း သားဖြစ်သူ ကိုထိန်လင်း မိခင်၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းတို့ဖမ်းဆီးထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်းနှင့် ၎င်းအတွက် ကောင်းမွန်သော အစီအစဉ်များကို စဉ်းစားပေးနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးထံသို့ ဧပြီလ ၂၂ ရက်နေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ် (Kim Aris) ကမူ မိခင်ဖြစ်သူ အသက်ရှိသေးလားဆိုသည်ကိုပင် စိုးရိမ်နေရကြောင်း နိုင်ငံတကာ သတင်းဌာနများမှတစ်ဆင့် ထုတ် ဖော်ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုကင်အဲရစ်က “Proof of Life”-သက်ရှိထင်ရှားရှိကြောင်း သက် သေပြရေး […] The post ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားဟု မင်းအောင်လှိုင်က ပြောဆိုသော်လည်း သားဖြစ်သူက မိခင်၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေရဟု ထုတ်ဖော်ပြောဆို appeared first on Khit Thit Media .
Go to News Site