Collector
စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု အတုအယောင်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုများကို သွေးခွဲရန် ရည်ရွယ်ထားဟု NUCC သတိပေး | Collector
စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု အတုအယောင်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုများကို သွေးခွဲရန် ရည်ရွယ်ထားဟု NUCC သတိပေး
Khit Thit Media

စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု အတုအယောင်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုများကို သွေးခွဲရန် ရည်ရွယ်ထားဟု NUCC သတိပေး

ရန်ကုန်၊ ဧပြီ ၂၅ အကြမ်းဖက်စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် အတုအယောင်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုများ အကြား သွေးခွဲရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ယနေ့ ကြေညာချက်ထုတ်ပြန်၍ သတိပေးသည်။ စစ်တပ်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်များသည် ပြည်သူလူထု တရပ်လုံး လိုလားသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက် ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးအား လုံးဝဖော်ဆောင် နိုင် မည်မဟုတ်ကြောင်း NUCC အဖွဲ့ဝင် ဦးနောင်ချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ အကြမ်းဖက်စစ်တပ်က ဧပြီလ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ အဆိုပါ ဖိတ်ခေါ်မှုသည် စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ် ပြီးဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ […] The post စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု အတုအယောင်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုများကို သွေးခွဲရန် ရည်ရွယ်ထားဟု NUCC သတိပေး appeared first on Khit Thit Media .

Go to News Site