Popular Journal
Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်း ဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားသည့် “နိုင်ရတနာဝင်း”ဖလက်ကုန်တင် မော်တော်ရေယာဥ်ပေါက်ကွဲ၍ မီးလေ-ာင်ကျွ မ်းခဲ့သည့် ကုန်တင်ရေယာဉ်များကို ဧပြီလ(၂၄)ရက် ညနေပိုင်းက ဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းမြို့တွင် ဧပြီလ (၂၀) ရက် ညနေ(၆)နာရီခွဲအချိန်ခန့်က ဟုမ္မလင်းရပ်ကွက်မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းအနီးချင်းတွင်းမြစ်အတွင်းဆိုက်ကပ်ထားသည့်”နိုင်ရတနာဝင်း”ဖလက်ကုန်တင်မော်တော်ရေယာဥ် ပေါက်ကွဲ၍ မော်တော်ယာဉ်(၁၀)စီးခန့်မီးကူးစက်လေ-ာင်ကျွမ်းခဲ့ရာ ကုန်တင်ရေယာဉ်များအနက် မီးငြိမ်းသ-တ်ပြီးသည့် ဧရာကျော် ကုန်တင်ရေယာဉ်ကို ဟုမ္မလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသိန်းလင်းထွန်း၏အနီးကပ်ကြီးကြပ်မှုနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ အဖွဲ့ဝင်များ၊မြို့နယ်မီးတပ်သတ်ဖွဲ့ဝင်များ၊မြို့နယ်ရစကမှအဖွဲ့ဝင်များနှင့် (ဟုမ္မလင်း၊ နောင်ပကျစ်)ရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ ရေယာဉ်များဖြင့် ဟုမ္မလင်းမြို့ မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ The post ဟုမ္မလင်းဆိပ်ကမ်းတွင် မီးလေ-ာင်ကျွမ်းခဲ့သည့် ရေယာဉ်အား ဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ် appeared first on Popular .
Go to News Site