Popular Journal
Credit to Popular Journal - ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေးအတွက် သမိုင်းဝင်အဆောက်အအုံများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) သို့ရောက်ရှိပြီး ပြတိုက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သည့် မော်တော်ယာဉ်ထားရှိသည့် အဆောက်အအုံ၊ ရေကန်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ မြေထိန်းနံရံပြုပြင်ပြီးစီးမှု၊ ကြမ်းခင်း/နံရံ နေရာများတွင် Epoxy Mortar ဖြင့် ပြုပြင်ခြင်း၊ ပြတိုက်အမိုး၊ ပြတိုက်အတွင်း မျက်နှာကြက်၊ လှေကား၊ ကျွန်း သစ်သားနံရံများ၊ ကျွန်းသစ်သား အခင်းများ၊ ဝရန်တာများ၊ […] The post ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့် ကြည့်ရှုစစ်ဆေး appeared first on Popular .
Go to News Site