Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၆ ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိထားသော လင်းသီဟကုမ္ပဏီသည် ဒေသခံပြည်သူများထံမှ လျှပ်စစ်ခများကို ကျသင့်သည်ထက် ပိုမိုကောက်ခံနေသည့်အပြင် ဒဏ်ကြေးငွေများကို အဆမတန် တောင်းခံနေခြင်းကြောင့် ပြည်သူများ အကြီးအကျယ် ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။ အဆိုပါ လင်းသီဟ လျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှုကုမ္ပဏီလီမိတက်သည် စစ်တပ်နှင့်ဆက်နွယ်နေသောကုမ္ပဏီဖြစ်ပြီး ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် စစ်ကောင်စီအဖွဲ့ဝင်ဟောင်းအဖြစ် တာဝန်ယူခဲ့သူ ဝဏ္ဏမောင်လွင်၏သား လင်းမင်းမောင်လွင် ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်သည်။ ၎င်းကုမ္ပဏီသည် ၂၀၁၆ ခုနှစ်မှစတင်ကာ တောင်ကြီးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။ လက်ရှိတွင် ကုမ္ပဏီသည် လျှပ်စစ်သုံးစွဲခများကို ကောက်ခံရာ၌ အမှန်တကယ် သုံးစွဲသည့် ယူနစ်ထက် ပိုမိုတိုးမြှင့်ဖော်ပြကာ ဒေသခံများထံမှ ငွေကြေးပိုမိုရယူနေသည်ဟု ပြည်သူများနှင့်တောင်ကြီးလျှပ်စစ်ဝန်ထမ်းတချို့က ပြောဆိုကြသည်။ […] The post တောင်ကြီးတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိထားသော စစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဝဏ္ဏမောင်လွင်သားပိုင် လင်းသီဟ ကုမ္ပဏီက ဓာတ်အားခများ ပိုမိုကောက်ပြီး ပြည်သူများကို ဒုက္ခပေးနေ appeared first on Khit Thit Media .
Go to News Site