Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဥ်လာရောက်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ သည် ယနေ့ ဧပြီ ၂၆ ရက်နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့် တရုတ်နိုင်ငံသို့ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိအား နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနိုင်မင်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စ မာကျား၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ-တရုတ်ရင်းနှီးမြှုပ် နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များက နေပြည်တော်လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ မြန်မာနိုင်ငံခရီးစဥ်အတွင်း၌ တရုတ်နိုင်ငံခြားရေးဝန် ကြီး မစ္စတာ ဝမ်ယိ သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်အပါအဝင် ဆွေးနွေးမှုများစွာပြုလုပ်ခဲ့ကြောင်း သိရသည်။ The post တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နေပြည်တော်မှပြန်လည်ထွက်ခွာ appeared first on Popular .
Go to News Site