Popular Journal
Credit to Popular Journal - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင် သပြေတစ်ထောင်ကျောင်းတိုက်ရှိ ရွှေကောင်းမှုတော်စေတီအား ထုံးသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဗုဒ္ဓဘိသေက အနေကဇာတင်ကာ ရွှေဘုန်းမြင့်စေတီတော်ကိုလည်း စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခဲ့ကြသည်။ ယနေ့ ဧပြီ ၂၆ ရက်နံနက်ပိုင်းကကျင်းပခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာ တော်အမူးပြုသော သံဃာတော်များကစေတီတော်အား ဗုဒ္ဓဘိသေကအနေကဇာတင်ပြီး အန္တရာယ်ကင်းပရိတ်တရားတော်မြတ်များအား ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ရွှေဘုန်းမြင့်စေတီတော်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် အရန်စေတီထီးတော်များအားတင်လှူပူဇော်ခဲ့ကြသည်။ The post မြစ်ကြီးနားမြို့ရှိ ရွှေကောင်းမှုစေတီတော်အား ထုံးသ င်္ကန်းဆက်ကပ်လှူဒါန်းပြီး ဗုဒ္ဓဘိသေကအနေကဇာတင် ရွှေဘုန်းမြင့်စေတီတော်ကိုလည်း စိန်ဖူးတော်၊ ငှက် မြတ်နားတော်တင်လှူပူဇော် appeared first on Popular .
Go to News Site