Popular Journal
Credit to Popular Journal - ၂၀၂၆ ခုနှစ် ကုန်မတိုင်မီ ပြီးစီးအောင် တွန်းအားပေးဆောင်ရွက် ရန်ကုန်-မန္တလေးအမြန်လမ်း၏ မိုင်တိုင်အမှတ် (၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတား (ပေ ၁၀၀၀) အသစ်ပြန်လည်တည်ဆောက်နေခြင်းဖြစ်ပြီး တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မန္တလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ရန်အတွက် ဒုဋ္ဌဝတီ တံတားတည်ဆောက်ပြီးစီးရန်လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားခဲ့သည်။ ငလျင်ဒဏ်ကြောင့် တံတားပြိုကျပျက်စီး၍ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေသဖြင့် ခရီးသွားပြည်သူများ တံတားဦး – ပလိပ်လမ်းမှ တစ်ဆင့်ပတ်၍ မန္တလေးမြို့သို့ သွားလာနေရသောကြောင့် လေးလမ်းသွား တံတားဆောင်ရွက်နေခြင်းတွင် အပြန်လမ်းဘက်မှ နှစ်လမ်းသွားတံတားကို ၂၀၂၆ ခုနှစ် ကုန်မတိုင်မီ ပြီးစီးအောင်တွန်းအားပေးဆောင်ရွက်၍ လမ်းပန်းဆက်သွယ်မှုရရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ယမန်နေ့ က ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင် နှင့် တာဝန်ရှိသူများသည့် ရန်ကုန် – […] The post တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မန္တလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ရန်အတွက် ဒုဋ္ဌဝတီ တံတားတည်ဆောက်ပြီးစီးရန်လို appeared first on Popular .
Go to News Site