Popular Journal
Credit to Popular Journal - လတ်တလောတွင် ယာယီစျေးနေရာသစ် သတ်မှတ်ပေးထား ဓနုဖြူမြို့မဈေး မီးလေ-ာင်မှုဖြစ်ပွားခဲ့သည့်နေရာတွင် ဈေးသစ်တည်ဆောက်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် ယာယီစျေးနေရာသစ် သတ်မှတ်ပေးထားကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့ရှိ မြို့မဈေးတွင် ဧပြီလ (၂၆)ရက်နေ့ နံနက် (၆)နာရီ ကျော်အချိန်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ပြီး ယင်းမီးလေ-ာင်မှုဖြစ်ပွားခဲ့သော မြို့မဈေးသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း နှင့် တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများလာရောက်ခဲ့ကာ မီးလေ-ာင်မှုဖြစ်ပွားခဲ့သောမြို့မဈေးနေရာတွင် ဈေးသစ်ကြီးပြန်လည်တည်ဆောက်ပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ “လောလောဆယ် ဈေးကို ဈေးဘေးနားက အဆင်ပြေတဲ့နေရာလေးမှာ သူတို့ဆိုင်လေးတွေပြန်ဖွင့်ဖို့ ချက်ချင်းပေါ့နော်၊ ယာယီရက်ပိုင်းအတွင်ပြန်ဖွင့်လှစ်နိုင်ဖို့ နေရာလေးစီစဉ်ပေးဖို့ရယ်၊ နောက်တစ်ခုက ယာယီဈေး ဖွင့်ဖို့၊ ယာယီဈေးကဘယ်နေရာလဲဆိုတော့ ဓနုဖြူမြို့မှာ မြို့တော်ခန်းမဆောက်ဖို့အတွက် စီစဉ်ထားတဲ့မြေကွက်လပ်ရှိတယ်။အဲ့မြေကွက်လပ်မှာယာယီဈေး ဆောက်ပေးဖို့ ဆိုင်တွေဖွင့်နိုင်ဖို့ အဲ့ဒါလေးတော့ စီစဉ် ပေးခဲ့တယ် […] The post ဓနုဖြူမြို့မဈေး မီးလေ-ာင်မှုဖြစ်ပွားခဲ့သည့်နေရာတွင် ဈေးသစ်တည်ဆောက်ပေးသွားမည် appeared first on Popular .
Go to News Site