Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၇ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာမီ တရုတ်နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဖြစ်သော်လည်း ဒေါ်လာသုံးစွဲရမည့် သွင်းကုန်တင်သွင်းမှုများကို ခွင့်မပြု ၊ အားမပေးဘဲ ပို့ကုန်တင်ပို့မှုများကိုသာ အဓိက ဦးစားပေးမည်ဖြစ်ကြောင်း တရားဝင်ညွှန်ကြားချက် ထုတ်ပြန်ထားသည်ဟု နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောကြားသည်။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် လာမည့်ရက်အနည်းငယ်အတွင်း ထိုင်းနယ်စပ်ကုန်သွယ်ရေးနှင့် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို တစ်ပြိုင်နက်တည်း စတင်မည်ဖြစ်သော်လည်း ပို့ကုန်များ တင်ပို့ရေးမူဝါဒဖြင့်သာ ကုန်သွယ်ရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ သွင်းကုန်များ တင်သွင်းမှုကို အထူးစိစစ်လုပ်ဆောင်ရန်နှင့် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချရန် လမ်းညွှန်ချက်များ ပေးထားကြောင်း သိရှိရသည်။ ယခု ဧပြီလကုန်ပိုင်းနှင့် မေလအတွင်းတွင် ထိုင်းနှင့် တရုတ် နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဖြစ်သော်လည်း ယင်းသို့ ပြန်လည်စတင်ခြင်းမှာ ပို့ကုန်ဦးစားပေးမူဝါဒကိုသာ […] The post တရုတ်နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးများ မကြာမီ ပြန်လည်စတင်မည်ဖြစ်သော်လည်း ဒေါ်လာသုံးစွဲရမည့် သွင်း ကုန်တင်သွင်းမှုများကို ခွင့်မပြုဘဲ ပို့ကုန်တင်ပို့မှုများကိုသာ အဓိက ဦးစားပေးမည်၊ သွင်းကုန် လိုင်စင်တစ်စောင်လျှင် ငွေကျပ်သိန်း ၂၅၀၀ အထိ လာဘ်ပေးလာဘ်ယူ ဈေးပေါက်နေ appeared first on Khit Thit Media .
Go to News Site