Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၇ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် အမျိုးသားစာပေဆု ချီးမြှင့်ခံထားရသည့် စာရေးဆရာ တင်ညွန့်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဧပြီလ ၂၃ ရက်နေ့တွင် စာရေးဆရာတင်ညွန့်ကို ရန်ကုန်မြို့၊ သန်လျင်နေအိမ်တွင် အကြမ်းဖက်စစ်တပ်၊ ရဲများက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သန်လျင်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း၊ စာရေးဆရာ တင်ညွန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ အပါအဝင် ပုဒ်မတချို့ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။ ” “ပညာတတ် အောက်တန်းစား” ဆိုတဲ့ ဆောင်းပါးကြောင့်လား၊ သူရေးခဲ့တဲ့ စာအုပ်တွေကြောင့်လားဆိုတာတော့ အကြောင်းအရင်း ရေရေရာရာ မသိရသေးဘူး။ လာဖမ်းတာတုန်းကတော့ ဆရာ့အိမ်က ဆရာ အပါအဝင် ၂ ဦးကို ဖမ်းသွားတာ ။ အခုတော့ […] The post အမျိုးသားစာပေဆုရှင် စာရေးဆရာ တင်ညွန့်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး appeared first on Khit Thit Media .
Go to News Site