Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၇ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၅) နယ်မြေဖြစ်သော ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကဘောတူ စစ်တပ်စခန်းကို KNLA/KNDO နှင့် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ကဘောတူစခန်း သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီထံမှ လက်နက်ငယ် ၁၅ လက်မှ ၂၀ လက်ဝန်း ကျင်အထိ သိမ်းဆည်းရရှိခဲ့သည့်အပြင် ငါးကြင်းမြီးစက်သေနတ် ၂ လက်နှင့် ၆၀ မမ လက်နက်ကြီး ၁ လက်တို့ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။ ထို့အပြင် မိုင်းနှင့် လက်ပစ်ဗုံး အလုံးပေါင်း ရာနှင့်ချီ၍ သိမ်းဆည်းရရှိခဲ့သလို RPG ကျည်ဆံများ၊ အခြားခဲယမ်းများနှင့် စစ်သုံးပစ္စည်းအမြောက်အမြားကိုလည်း ပူးပေါင်းတပ်ဖွဲ့များဘက်က […] The post ဖာပွန်ခရိုင်ရှိ အကြမ်းဖက်စစ်တပ်၏ ကဘောတူ အခြေစိုက်စစ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိ appeared first on Khit Thit Media .
Go to News Site