Khit Thit Media
ရန်ကုန်၊ ဧပြီ ၂၇ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်က ကျေးရွာများကို ဆက် တိုက်မီးရှို့နေသဖြင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ယနေ့ ဧပြီလ ၂၇ ရက်နေ့အထိ တောင်သာမြို့နယ်ရှိ ဆည်ကုန်းရွာ၊ ထန်းပင်ကုန်းတောရိုး၊ သံချေးကုန်းရွာ၊ ရုံးစည်ကြီးရွာ၊ သံဘိုရွာဘုန်းကြီးကျောင်း၊ စုံတောမြိုင်တောရိုးနှင့် ကျော်မက်ကန်တောရိုးရှိ နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။ စစ်တပ်စစ်ကြောင်းကြောင့် လက်ရှိအချိန်အထိ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေးပေ။ စစ်တပ်စစ်ကြောင်းသည် ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ ပြုလုပ်နေသောကြောင့် စစ်ကြောင်းအနီးသို့ သွားလာခြင်းမပြုရန် တော်လှန်ရေးအင်အားစုများက အသိပေးနှိုးဆော်ထားသည်။ “စစ်ခွေးတွေက နေအိမ်တွေကို […] The post တောင်သာနှင့် ဆိပ်ဖြူမြို့နယ်တို့တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို ဆက်တိုက်မီးရှို့နေ appeared first on Khit Thit Media .
Go to News Site