Collector
ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင် | Collector
ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်
Popular Journal

ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်

Credit to Popular Journal - မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသော မိသားစုမှ ကလေးများအား အခမဲ့နေစားငြိမ်းပညာသင်ကြားပေးနေသည့် ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကျောင်းသည် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ကုသိုလ်ပြုဖွင့်လှစ်ထားသည့် အခမဲ့စာသင်ကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးသာမက နေထိုင်စားသောက်ရေးအတွက်ပါ တာဝန်ယူထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် ကျောင်းတွင် သာသနာ့နယ်မြေ စည်းကမ်းများအတိုင်း သက်သတ်လွတ်စားသုံးခြင်း၊ သာသနာတော်အား လေးစားလိုက်နာခြင်း၊ ရိုးသားကြိုးစား၍ ယဉ်ကျေးလိမ္မာစွာနေထိုင်ခြင်းတို့ကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ယူလိုသော ကျောင်းသား၊ ကျောင်းသူများအား ဆရာတော်ဘုရားကြီး၏ မေတ္တာရိပ်အောက်တွင် အေးချမ်းစွာ သင်ကြားနိုင်ရန် စားဝတ်နေရေးအတွက်လည်း ကျောင်းဘက်မှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ The post ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင် appeared first on Popular .

Go to News Site