Popular Journal
Credit to Popular Journal - တောင်ဒဂုံမြို့နယ်ရှိ ဆောက်လုပ်ဆဲလုပ်ငန်းရပ်တန့်နေသော ဆေးရုံ တိုးချဲ့နှစ်ထပ်ဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်း ပြန်လည်စတင်နိုင်ရေး ကွင်းဆင်းလေ့လာကာ စတင်နိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိ၌ မြို့နယ် ပြည်သူ့ဆေးရုံကြီးသည် မြို့နယ်အတွင်းရှိ လူဦးရေ (၃၅၀,၀၀၀) ကျော်အပြင် ဆက်စပ်မြို့နယ်များ၊ နီးစပ်ရာမြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာများမှ ကျန်းမာရေးအားကိုးအားထားရာဖြစ်နေသည်။ ထို့ကြောင့် လူနာများကို ဆက်လက်ကျန်းမာရေးလက်လှမ်ရမီနိုင်စေရန် လုပ်ငန်းရပ်တန့်နေသော ဆေးရုံ တိုးချဲ့နှစ်ထပ်ဆောင်သစ် ဆောက်လုပ်ရန်အတွက် လိုအပ်နေခြင်း ဖြစ်သည်ဟု သိရသည်။ ဆောက်လုပ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့မှ ကွင်းဆင်းလေ့လာခဲ့ကြောင်းလည်း သိရသည်။ The post တောင်ဒဂုံမြို့နယ်ရှိ လုပ်ငန်းရပ်တန့်နေသော ဆေးရုံ တိုးချဲ့နှစ်ထပ်ဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်း ပြန်လည်စတင်နိုင်ရေး ဆောင်ရွက် appeared first on Popular .
Go to News Site