Popular Journal
Credit to Popular Journal - ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် သဘာဝတောတောင်ရေမြေအလှတို့နှင့် လှပသည့် မြို့တစ်မြို့ဖြစ်ပြီး လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်များတွင် နေထိုင်သော ကျေးလက်တောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် အာလူးကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ သက်ဆိုင်ရာဌာန၏ စာရင်းများအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကယားပြည်နယ်တွင် အာလူးကို မိုးရာသီနှင့် ဆောင်းရာသီဟူ၍ နှစ်ရာသီခွဲ စိုက်ပျိုးထားပြီး မိုးအာလူး ၃ ဧကနှင့် ဆောင်းအာလူး ၁၅၉ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ ယခုအခါ မိုးအာလူး ၃ ဧကလုံးကို ရိတ်သိမ်းပြီးဖြစ်ကာ ထွက်ရှိသည့် အာလူးများကို ပြည်နယ်အတွင်း ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ မှ ၅,၀၀၀ အထိဖြင့် ရောင်းချလျက်ရှိသည်။ အာလူးသည် ရေဝပ်ခြင်းမကြိုက်သောကြောင့် စိုက်ပျိုးရာတွင် ရေထုတ်မြောင်းများကို ကောင်းစွာပြုလုပ်ရန် လိုအပ်ပြီး […] The post လွိုင်ကော်ဒေသတွင် အာလူးစိုက်ပျိုးမှုမှ ဝင်ငွေမြင့်တက် appeared first on Popular .
Go to News Site