Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံတွင် အွန်လိုင်းဈေးဝယ်စနစ်ကို စတင်ခေတ်စားစေခဲ့ပြီး ပြည်သူများ၏ နေ့စဉ်ဘဝအတွင်း နှစ်ပေါင်းများစွာ အခြေချခဲ့သည့် Shop App MM သည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို မကြာမီကာလအတွင်း အပြီးတိုင် ရပ်နားတော့မည်ဖြစ်သည်။ ကုမ္ပဏီဘက်မှ ဧပြီလ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ဤသတင်းသည် အွန်လိုင်းဈေးဝယ်သူများအကြားတွင် များစွာ အံ့အားသင့်စေခဲ့သည်။ ယင်းကဲ့သို့ လုပ်ငန်းရပ်နားရန် ဆုံးဖြတ်ခြင်းမှာ လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်းနှင့် နှစ်ပေါင်းများစွာအတွင်း ဝယ်ယူသူများ၏ ယုံကြည်အားပေးမှုများအတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း ကုမ္ပဏီဘက်က ဆိုသည်။ လက်ရှိတွင် နောက်ဆုံးအမှာစာများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ ည ၁၁ နာရီ ၅၉ မိနစ်အထိသာ လက်ခံတော့မည်ဖြစ်ရာ မှာယူလိုသည့် ပစ္စည်းများရှိပါက အချိန်မီဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ လုပ်ငန်းများ […] The post မြန်မာ့အွန်လိုင်းဈေးကွက်၏ အမှတ်အသားတစ်ခုဖြစ်ခဲ့သော Shop App MM နိဂုံးချုပ်တော့မည် appeared first on Popular .
Go to News Site