Popular Journal
Credit to Popular Journal - ဧပြီလ ၂၇ ရက် တရုတ်သိပ္ပံပညာရှင်များသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သိုလှောင်မှုကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ဘက်ထရီသက်တမ်းကိုလည်း များစွာတိုးမြှင့်ပေးနိုင်မည့် “all-iron flow battery” နည်းပညာတွင် ထူးခြားသော အောင်မြင်မှုတစ်ခု ရရှိခဲ့ကြသည်။ လက်ရှိတွင် စက်မှုကုန်ကြမ်းပစ္စည်းအဖြစ် လီသီယမ်သည် သံထက် ဈေးနှုန်း အဆ ၈၀ ကျော် ပိုမိုမြင့်မားနေပေသည်။ သုတေသီများ၏ အဆိုအရ သံအခြေခံဘက်ထရီသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍ အသွင်ကူးပြောင်းမှု၏ အကြီးမားဆုံးသော အဟန့်အတားများထဲမှ တစ်ခုအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းချက်တစ်ခု ဖြစ်လာနိုင်သည်ဟု ဆိုထားသည်။ တရုတ်သိပ္ပံအကယ်ဒမီ (စီအေအက်စ်) လက်အောက်ရှိ သတ္တုသုတေသနဌာနမှ အဖွဲ့တစ်ဖွဲ့သည် အားသွင်း/အားပြန်ထုတ်ခြင်း အကြိမ်ရေ ထောင်ပေါင်းများစွာ ပြုလုပ်သော်လည်း သိုလှောင်နိုင်စွမ်း လုံးဝလျော့ကျသွားခြင်းမရှိသည့် အလွန်တည်ငြိမ်သော လျှပ်လိုက်ရည် တစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း အစီရင်ခံခဲ့သည်။ […] The post တရုတ်က အလွန်ဈေးသက်သာသော ဘက်ထရီ ကို မိတ်ဆက် appeared first on Popular .
Go to News Site