Popular Journal
Credit to Popular Journal - မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာသည်အထိ နောက်ဆက်တွဲငလျင် (Aftershocks) များ ဆက်တိုက်ဆိုသလို လှုပ်ခတ်နေပြီး ယနေ့ (ဧပြီ ၂၈ ရက်) ညပိုင်းတွင်လည်း စဥ့်ကိုင်မြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ယနေ့လှုပ်ခတ်မှုသည် မန္တလေးငလျင်ကြီးနောက်ပိုင်း (၂၉၆) ကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ ည (၈) နာရီ (၃၃) မိနစ် (၄၁) စက္ကန့်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့၏ အရှေ့ဘက် (၁၃) မိုင်ခန့်အကွာ၊ အနက် (၁၁) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး မဂ္ဂနီကျု (၃.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားခြင်း ဖြစ်သည်။ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ တစ်နှစ်ကျော် […] The post စဥ့်ကိုင်မြို့အနီး ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်၊ မန္တလေးငလျင်ကြီးနောက်ပိုင်း ၂၉၆ ကြိမ်မြောက်ဖြစ်လာ appeared first on Popular .
Go to News Site