Popular Journal
Credit to Popular Journal - မေ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများမှ ခွင့်ပြန်မည့်မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ရှင်၏ခွင့်စာယူဆောင်ပြီးနောက် လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ယနေ့ ဧပြီ ၂၈ ရက်တွင် အသိပေးခဲ့သည်။ ခွင့်ပြန်မည့် မြန်မာအလုပ်သမားများသည် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် ခွင့်စာပြသပြီးထောက်ခံစာယူဆောင်ရမည်ဖြစ်ကာ ယင်းရုံးများဖွင့်လှစ်ထားခြင်းမရှိသည့် နိုင်ငံများအနေဖြင့် အနီးဆုံးနိုင်ငံ(သို့)အနီးဆုံးမြို့ရှိ ရုံးများသို့သွားရောက်၍ခွင့်စာပြသပြီး ထောက်ခံစာယူရမည်ဟု အသိပေးခဲ့သည်။ ထို့အတူ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်/ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် Work Permit ၊ ဗီဇာနှင့် ခွင့်စာပါလုပ်ငန်းခွင်နှင့် OWIC ကတ်တွင်ပါရှိသည့် လုပ်ငန်းခွင်မတူညီပါက မြန်မာနိုင်ငံရောက်ရှိချိန်တွင် OWIC ကတ်အသစ်ပြန်လည်လျှောက်ထားရမည်ဟု အသိပေးခဲ့သည်။ အဆိုပါ အသိပေးချက်များကိုလိုက်နာခြင်းမရှိဘဲ သက် ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၏ ထောက်ခံစာနှင့်အတူ ပြည်ပထွက်ခွာခွင့်တင်ပြနိုင်ရေးနှင့် ခွင့်စာလိမ်လည်တင်ပြပါက ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်း၊ အမည်မည်းစာရင်းသွင်းခြင်းများပြုလုပ်မည်ဟုလည်း အသိပေးခဲ့သည်။ […] The post မေ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများမှ ခွင့်ပြန်မြန်မာအ လုပ်သမားများ အလုပ်ရှင်၏ခွင့်စာယူပြီး လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များကို အလုပ်သမားဝန်ကြီးဌာနအသိပေး appeared first on Popular .
Go to News Site