Collector
ပျော်ဘွယ်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များလဲကျကာ နေအိမ်များပေါ် ပိမိမှုဖြစ်ပွား | Collector
ပျော်ဘွယ်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များလဲကျကာ နေအိမ်များပေါ် ပိမိမှုဖြစ်ပွား
Popular Journal

ပျော်ဘွယ်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များလဲကျကာ နေအိမ်များပေါ် ပိမိမှုဖြစ်ပွား

Credit to Popular Journal - ယနေ့ညနေပိုင်းက ပျော်ဘွယ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်အချို့ရှိ နေအိမ်များပေါ်သို့ သစ်ပင်ကြီးများ လဲကျပိမိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ အဆိုပါ ထိခိုက်ပျက်စီးမှုများအတွက် နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနေရကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးတိမ်တောင်များဖြစ်ထွန်းကာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည့်အတိုင်း ပျော်ဘွယ်မြို့နယ်တွင်လည်း ယနေ့ ဧပြီ ၂၈ ရက်၊ ညနေ ၄ နာရီခွဲခန့်က စတင်ကာ သဘာဝဘေးဒဏ် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ပျော်ဘွယ်မြို့၊ မြို့မရပ်ကွက်နှင့် မြင်းဘက်ရပ်ကွက်တို့အတွင်းရှိ လမ်းဘေးဝဲယာမှ သစ်ပင်ကြီးများ လဲကျခဲ့ပြီး အချို့မှာ လူနေအိမ်များပေါ်သို့ ပိမိခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ဖြစ်ပွားရာနေရာများသို့ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ […] The post ပျော်ဘွယ်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များလဲကျကာ နေအိမ်များပေါ် ပိမိမှုဖြစ်ပွား appeared first on Popular .

Go to News Site