Popular Journal
Credit to Popular Journal - ဧပြီလ ၂၈ ရက် ဦးဆောင်သိပ္ပံပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံသည် ကုန်တင်ကားပေါ်တွင် တင်ဆောင်သွားနိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို၏ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးနေခဲ့သော ထိုဓာတ်ပေါင်းဖိုကို “ကမ္ဘာ့ပထမဆုံး ၁၀-မဂ္ဂါဝပ် ယာဉ်တင်နျူကလီးယားစွမ်းအင်သုံးယူနစ်” ဟု ဖော်ပြခဲ့ပြီး၊ နောက်ကွယ်မှ အဖွဲ့အနေဖြင့် ယခုအခါ ၎င်းကို လက်တွေ့အသုံးပြုနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေနေသည်ဟု ဆိုသည်။ အဆိုပါစွမ်းအင်ပမာဏသည် အလတ်စား AI ဒေတာစင်တာတစ်ခုကို လျှပ်စစ်ပေးရန် လုံလောက်သော ပမာဏဖြစ်သည်။ “ကျွန်တော်တို့ အဆိုပြုထားတဲ့ ‘နျူကလီးယား ပါဝါဘဏ်’ ဟာ မျိုးဆက်သစ် နျူကလီးယားစွမ်းအင်စနစ်တွေရဲ့ စံနမူနာတစ်ခုဖြစ်ပါတယ်” ဟု ဟီဖိုင်ရူပသိပ္ပံကျောင်း လက်အောက်ရှိ နျူကလီးယားစွမ်းအင်ဘေးကင်းလုံခြုံမှုနည်းပညာဌာနမှ အဓိကသိပ္ပံအကြံပေး ဝူ ယီချန် က ပြီးခဲ့သည့်အပတ်က သိပ္ပံနှင့် နည်းပညာ […] The post နျူကလီးယားဓာတ်ပေါင်းဖိုတင်ကုန်ကားကို တရုတ်က စမ်းသပ်နေ appeared first on Popular .
Go to News Site