Popular Journal
Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ နံနက်၇နာရီအချိန်တွင် ပုသိမ်မြို့သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပုသိမ်မြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများအား ရွှေမုဋ္ဌောစေတီရင်ပြင်တွင် ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ညောင်ရေသွန်းပွဲကိုရွေမုဋ္ဌောစေတီ ဗောဓိညောင်ပင်တွင် သွန်းလောင်းခဲ့ကြသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ The post ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ appeared first on Popular .
Go to News Site