Collector
အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော် လွတ်မြောက် | Collector
အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော် လွတ်မြောက်
Popular Journal

အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော် လွတ်မြောက်

Credit to Popular Journal - ယနေ့လွတ်ငြိမ်းဖြင့် အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော်လွတ်မြောက်ခဲ့ကြောင်း မေးမြန်းချက်များအရ သိရသည်။ နိုင်ငံတော်သမ္မတရုံးသည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန် ရည်ရွယ်၍ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ၎င်းတို့သည် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုပြစ်ဒဏ်မှ ကျန်ရှိသည့်ပြစ်ဒ-ဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျန်ရှိသောပြစ်ဒ-ဏ်များအပေါ် လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုလွတ်ငြိမ်းတွင် နိုင်ငံရေးအကျဥ်းသားများမပါဝင်ဘဲ လွတ်ရက်စေ့သူများ အများဆုံးပါဝင်ကြောင်း သိရသည်။ The post အင်းစိန်အကျဥ်းထောင်မှ အကျဉ်းသား/သူ ၉၀၀ ကျော် လွတ်မြောက် appeared first on Popular .

Go to News Site