Popular Journal
Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀) ရက် နံနက်ပိုင်းက လွတ်ပေးခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက်ရက်စွဲပါ အမိန့် အမှတ် (၅၁/၂၀၂၆)၊ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် နိုင်ငံတစ်ဝန်း ပြစ်ဒ-ဏ်ကျခံနေသူများအား လွတ်ငြိမ်းခွင့်များ ခွင်ပြုပေးခဲ့ခြင်းဖြစ်သည်။ ရွှေဘိုအကျဉ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသားသူများအနက် (၆) ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) […] The post ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး လွတ်ငြိမ်းခွင့်ပြု appeared first on Popular .
Go to News Site