Popular Journal
Credit to Popular Journal - ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး “ထူးမခြားနား” သီချင်းကို မြန်မာ့စောင်းဖြင့် သီဆိုပူဇော်ခဲ့ကြသည်။ သင်္ဂါယနာအမေးအဖြေနှင့် ဩဝါဒကထာများ ဆဋ္ဌသင်္ဂါယနာတင် မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရတို့က သုတ္တန္တပိဋကတ်တော်ကို သင်္ဂါယနာအမေးအဖြေ ပြုလုပ်ပူဇော်ခဲ့ကြပြီး သံဃာတော် ၁၅ ပါးတို့က စုပေါင်းသံပြိုင် ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ သဘာပတိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရွှေဘိုဆရာတော် ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူခဲ့သည်။ သာသနာ့သမိုင်းဝင် စာတမ်းများ ဖတ်ကြားခြင်း အခမ်းအနားတွင် လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသက […] The post ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ ဆက်လက်ကျင်းပ appeared first on Popular .
Go to News Site