Popular Journal
Credit to Popular Journal - မိုးစပါး ဧက ၁၅ သန်းအတွက်လည်း စက်သုံးဆီဖြန့်ဖြူးပေးနိုင်ရန် ပြင်ဆင်ထားပြီဖြစ် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နွေစပါးမြေပြုပြင်ရန်ကျန်ရှိသော( ၄၆,၈၈၇) ဧကအတွက် အသုံးပြုရန်လိုအပ်သည့် ဒီဇယ်ဆီကို တောင်သူလယ်သမားများထံသို့ တိုက်ရိုက်ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယနေ့ တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့အပြင် မိုးစပါးစိုက်ပျိုးဧက( ၁၅ )သန်းအတွက် လိုအပ်သည့် စက်သုံးဆီများကိုလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တောင်သူများသို့ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်း အသိပေးထားသည်။ အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်နေသော်လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီခြိုးခြံချွေတာရေးအတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စက်သုံးဆီ စနစ်တကျသုံးစွဲနိုင်ရေး၊ ချွေတာသုံးစွဲနိုင်ရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာအခြေပြု၍ စီမံကြပ်မတ်ကွပ်ကဲဆောင်ရွက်လျက်ရှိနေခြင်းလည်း ဖြစ်သည်။ စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးကြီးကဏ္ဍဖြစ်သော လယ်ယာလုပ်ငန်းသုံး ဒီဇယ်ဆီပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးနှင့် ထွန်ယက်စိုက်ပျိုးသော […] The post နွေစပါး ဧက ၄၆၀၀၀ ကျော်အတွက် ဒီဇယ်ဆီများ ရောင်းချပေးထား appeared first on Popular .
Go to News Site