Khit Thit Media
ရန်ကုန်၊ မေ ၁ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့နေပြီး ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူနေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများကို ဖမ်းဆီးကာ ကျေးရွာအတွင်းရှိ နေအိမ်များမှ ပစ္စည်းများကို စိတ်ကြိုက်ခိုးယူပြီး ထော်လာဂျီနှင့် ဖောကားများပေါ်တွင် တင်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ယနေ့ ၆ နာရီခန့်မှ စတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိ နေအိမ်များကို စတင် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ […] The post မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာတွင် ရောက်ရှိနေသော စစ်တပ်က ပြည်သူများကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့နေပြီး ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူနေ appeared first on Khit Thit Media .
Go to News Site