Khit Thit Media
ရန်ကုန်၊ မေ ၁ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့နှင့် စစ်တပ်က တွေ့ခွင့်ပေးမည်၊ မပေးမည်ကို မသိရှိရသေးဘဲ လာမည့် တနင်္ဂနွေနေ့တွင် ထောင်ဝင်စာပေးနိုင်ရေး ရှေ့နေအဖွဲ့က ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၃၀ ရက်နေ့ညပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံသည့်နေရာကို သတ်မှတ်ထားသော နေအိမ်သို့ ပြောင်းလဲခဲ့ကြောင်း၊ ထို့ကြောင့် လာမည့် တနင်္ဂနွေနေ့ ထောင်ဝင်စာ ပေးပိုရမည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ စစ်တပ်က တွေ့ခွင့်ပေးမည်၊ မပေးမည်ကို မသိရှိကြောင်း ရှေ့နေအဖွဲ့က ပြောဆိုသည်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအနေနဲ့ သပ်သပ်ကြီးတော့ သွားတွေ့တာ မဟုတ်ဘူး။ ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်ရင်းနဲ့ ထောင်ဝင်စာ အမြဲပို့တယ် ပုံမှန်ပို့တယ်။ […] The post ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့နှင့် စစ်တပ်က တွေ့ခွင့်ပေးမည်၊ မပေးမည်ကို မသိရှိရသေးဘဲ နေအိမ်ကို ထောင်အဖြစ် ပြောင်းလဲချုပ်နှောင်ထားခြင်းဖြစ်၍ ဘာမှ လျော့မသွားဟု ရှေ့နေအဖွဲ့က မှတ်ချက်ပြု appeared first on Khit Thit Media .
Go to News Site