Khit Thit Media
ရန်ကုန်၊ မေ ၁ အမေရိကန်နှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ဒေါ်နယ်ထရမ့်၏ လူယုံ ရော်ဂျာစတုန်းကို မြန်မာစစ်တပ်က လော်ဘီအဖြစ် ငှားရမ်းလိုက်ကြောင်း Bloomberg က သတင်းဖော်ပြသည်။ မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရ၏ ပြင်းထန်သော ဒဏ်ခတ်ပိတ် ဆို့မှုများကြောင့် ကြုံတွေ့နေရသည့် နိုင်ငံတကာငွေပေးချေမှု အခက်အခဲများနှင့် လက်နက်ဝယ်ယူခွင့် ပိတ်ပင်ထားမှုများကို ဖြေရှင်းနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။ ယခုအခါ အမေရိကန်နိုင်ငံရေးလောကတွင် လှည့်ကွက်အမျိုးမျိုး သုံးတတ်သူအဖြစ် လူသိများသည့် ရော်ဂျာစတုန်းကို လော်ဘီအဖြစ် ငှားရမ်းခြင်းမှာ စစ်တပ်၏ နောက်ဆုံးခြေလှမ်း ဖြစ်လာသည်။ ၂၀၂၁ ခုနှစ်တွင် ကနေဒါနိုင်ငံသား Ari Ben-Menashe ၏ Dickens & Madson အဖွဲ့ကို အမေရိကန်ဒေါ်လာ ၂ သန်းဖြင့် ငှားရမ်းခဲ့သည်။ […] The post အမေရိကန်နှင့် ဆက်ဆံရေးပြန်လည် တည်ဆောက်ရန် ဒေါ်နယ်ထရမ့်၏ လူယုံ မိတ်ဆွေ ရော်ဂျာစတုန်းကို မြန်မာစစ်တပ်က လော်ဘီအဖြစ် ငှားရမ်း appeared first on Khit Thit Media .
Go to News Site