Collector
ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော | Collector
ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော
Popular Journal

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

Credit to Popular Journal - လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန်တာဝန်မှု၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေရန်၊ ပြည်သူလူထု၏ဆန္ဒများကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် တာဝန်ရှိမှုတို့ကို ပြောကြားသည်။ ဥပဒေပြုရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူများကိုကာကွယ်ပေးနိုင်သည့် ဥပဒေ ဟုတ်/မ ဟုတ်တို့ကို စိစစ်ဆောင်ရွက်ရန်၊ နိုင်ငံတော်တွင်လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကိုအချိန်နှင့်တစ်ပြေးညီ သိရှိထားရန်၊ လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် အားကိုးအားထားပြုရသည့်အဖွဲ့အစည်းတစ် ရပ်ဖြစ်အောင်ဆောင်ရွက်ရန် ပြောကြားသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းများဖွင့်လှစ်၍ ဒေသခံများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလိုအပ်ချက်များ၊ ဒေသဆိုင်ရာလိုအပ်ချက်များကိုနားထောင်၍ တွေ့ဆုံဖြေရှင်းဆောင်ရွက်ပေးရန်၊ မိမိမဲဆန္ဒနယ်မြေရှိ ပညာရှင်များ၊ ဒေသခံများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်ရန်တို့ကိုလည်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဝန်ကြီးချုပ်နှင့်အတူ ပဲခူးမြို့မှ […] The post ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော appeared first on Popular .

Go to News Site