Collector
ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်ဝန်းကျင်နှင့် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်နေ | Collector
ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်ဝန်းကျင်နှင့် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်နေ
Popular Journal

ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်ဝန်းကျင်နှင့် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်နေ

Credit to Popular Journal - မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်ဝန်းကျင်နှင့် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။ မန္တလေးငလျင်ဒ-ဏ်ကြောင့်ပျ-က်စီးသွားသော လူသွားလျှောက်လမ်းများ၊ ကန်ပတ်လမ်းများ၊ ကျောက်စီမြေထိန်းနံရံများ၊ မင်္ဂလာကန်အတွင်း ရေစီးဝင်/စီးထွက်မှု လမ်းကြောင်းများ၊ မလိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများရှင်းလင်းဖယ်ရှားခြင်း၊ မင်္ဂလာကန် (၁) အနီး ရေပေါ်စင်ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မင်္ဂလာကန်ပတ်လမ်းရှိ Pergola တွင်ထွန်းညှိထားသည့် LED မီးတန်းများအသစ်တပ်ဆင်ခြင်း၊ နာရီစင်အဆင့်မြှင့်တင်ခြင်း၊ မင်္ဂလာကန် (၃) ဖက်ခြမ်းရှိ ပျ-က်စီးနေသော ကန်ပတ်လမ်းပြုပြင်ခြင်း၊ အများပြည်သူကျန်းမာရေးအတွက် အားကစားလေ့ကျင့်သည့်နေရာတွင်ပျ-က်စီးနေသော အားကစားလေ့ကျင့်ရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများကို စနစ်တကျ ပြန်လည်အစားထိုးတပ်ဆင်ခြင်းတို့ကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်နေခြင်းကို ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများတွင်ထည့်သွင်းလျာထားဆောင်ရွက်သွားမည်ဖြစ်သည်။ The post ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်ဝန်းကျင်နှင့် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်နေ appeared first on Popular .

Go to News Site