Popular Journal
Credit to Popular Journal - လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုကို ယနေ့ မေ ၂ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးရာ၌ မှာကြားခဲ့ခြင်းဖြစ်သည်။ ” လှိုင်သာယာမြို့နယ်သန့်ရှင်းသာယာလှပဖို့၊ ရေစီးရေလာများကောင်းမွန်ဖနု့နဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆောင်ရွက်ခဲ့ရာမှာ အခုဆိုရင်အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်လာပြီဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်ရဲ့မြို့ပြစနစ် စနစ်တကျဖြစ်စေဖို့အတွက် Town Plan ကိုစနစ်တကျတွက်ချက်ရေးဆွဲဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။ မြို့ပြများအသစ်တည်ဆောက်ရာ၌ Town Plan ရေးဆွဲရာတွင် လယ်ယာမြေများဆုံးရှုံးမှုမရှိစေရေးဆောင်ရွက်ရန်၊ ရန်ကုန်မြို့အတွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာအင်ဂျင်နီယာဌာနများမှ တာဝန်ရှိသူများ ကွင်းဆင်းသုတေသနပြုဆောင်ရွက်ရန်၊ ရန်ကုန်မြို့တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာမှုရှိစေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ သတ်မှတ်စည်းကမ်းများအား လိုက်နာမှုရှိစေရေးအတွက် တာဝန်ရှိသူများက စနစ်တကျကြပ် မတ်ဆောင်ရွက်ရန်လည်း မှာကြားသည်။ ထို့ပြင် ရန်ကုန်မြို့တွင်း သန့်ရှင်းသာယာလှပရေးအ တွက် တာဝန်ရှိသူများက ဘက်ပေါင်းစုံမှစဉ်းစားဆောင်ရွက်ရန်၊ […] The post လှိုင်သာယာမြို့နယ်၏မြို့ပြစနစ် စနစ်တကျဖြစ်စေရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား appeared first on Popular .
Go to News Site