Khit Thit Media
ရန်ကုန်၊ မေ ၂ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆိုလိုက်ကြသည်။ ဧပြီလ ၃၀ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံနေရသည့်နေရာကို ပြောင်းလဲလိုက်ပြီး သတ်မှတ်ထားသည့်နေအိမ်တွင် ပြစ်ဒဏ်များ ဆက်လက်ကျခံရန် အကြမ်းဖက်စစ်တပ်က ပြောင်းလဲ သတ်မှတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုက ဒေါ်အောင်ဆန်းစုကြည်အား “ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန်” ဆက်လက်တောင်းဆိုလိုက်ပြီး သူမ၏ ကျန်းမာရေးအခြေအနေကြောင့် လုံလောက်သည့် ဆေးကုသမှု ရရှိစေရန် စစ်ကောင်စီကို တိုက်တွန်းခဲ့လိုက်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် ဆက်လက်တောင်းဆိုပါသည်” ဟု ပြောကြားသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား […] The post လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆို appeared first on Khit Thit Media .
Go to News Site