Collector
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာလွှတ်တော်များ၊ အာဆီယံလွှတ်တော်များနှင့် နိုင်ငံတကာဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရမည် | Collector
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာလွှတ်တော်များ၊ အာဆီယံလွှတ်တော်များနှင့် နိုင်ငံတကာဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရမည်
Popular Journal

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာလွှတ်တော်များ၊ အာဆီယံလွှတ်တော်များနှင့် နိုင်ငံတကာဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရမည်

Credit to Popular Journal - လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာလွှတ်တော်များ၊ အာဆီယံလွှတ်တော်များနှင့် နိုင်ငံတကာဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်၊ အာဆီယံဒေသတွင်းလွှတ်တော်အဖွဲ့အစည်းများနှင့်ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်နိုင်ရေးပြင်ဆင်ဆောင်ရွက်ရမည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ရန်ကုန်တိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၂ ရက်တွင်တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးသုံးရပ်ကို ကဏ္ဍအလိုက်အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအလေ့အကျင့်ကောင်းများရရှိအောင်တည်ဆောက်ရန်၊ ဥပဒေပြုမဏ္ဍိုင်အနေဖြင့် ဥပဒေ၏ အကာအကွယ်အောက်တွင် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများကို အေးအေးချမ်းချမ်းနေနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်အောင်ကြိုးစားရန် ပြောသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများကယုံယုံကြည်ကြည်ဖြင့် ဆန္ဒမဲပေးရွေးချယ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူများ၏ ဆန္ဒနှင့်မျှော်လင့်ချက်များကို အထူးအလေးထားဆောင်ရွက်ရန်၊ လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေရေးရာများကိုနားလည်တတ်ကျွမ်းရန်၊ နိုင်ငံတော်တွင် ပကတိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်နှင့် တည်ဆဲဥပဒေများကိုနှိုင်းယှဉ်သုံးသပ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင်ထားရှိနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် ပြောသည်။ နိုင်ငံတော်၏ကဏ္ဍအသီးသီးမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ပြည်သူလူထုများနားလည်ပြီး ပူးပေါင်းပါဝင်လာအောင်လွှတ်တော်ကိုယ်စားလှယ်များကဆောင်ရွက်ရန်၊ ပြည်သူလူထုအကျပ်အတည်းဖြစ်စေသည့်ကိစ္စများကို နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း ၍ […] The post လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာလွှတ်တော်များ၊ အာဆီယံလွှတ်တော်များနှင့် နိုင်ငံတကာဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရမည် appeared first on Popular .

Go to News Site