Popular Journal
Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ (၂) ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်မှ အေးသာယာရပ်ကွက်အထိ ချင်းတွင်းမြစ်ရိုးတလျှောက်ကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။ ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်ရေး၊ ကမ်းနားလမ်းတလျှောက် ပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်စရေး၊ တာရိုးများပေါ်ရှိ ကွန်ကရစ်လျှောက်လမ်းများ ကောင်းမွန်စေပြီး မြို့နေပြည်သူများလမ်းလျှောက် အပန်းဖြေပြုလုပ်နိုင်ရေးနှင့် လျှပ်စစ်မီးတိုင်များ၊ ခုံများနှင့် ပန်းအလှပင်များ ပြန်လည်ပြုပြင်ဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် […] The post မုံရွာမြို့ ချင်းတွင်းမြစ်ရိုးတလျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်ရေးအတွက် တိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့ စစ်ဆေး appeared first on Popular .
Go to News Site