Khit Thit Media
ရန်ကုန်၊ မေ ၃ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဝါးများတင်ဆောင်လာသည့် ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ လူ ၁၆ ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ မေလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာနှင့် လွင်သာယာ ကျေးရွာကြား ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဝါးများတင်ဆောင်မောင်းနှင်လာသည့် ၆ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း ၃၈ ဦးအနက် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၆ ဦးမှာ နေရာ၌ပင် […] The post နေပြည်တော်တွင် ဝါးများနှင့်ခရီးသည်များ ရောနှောတင်ဆောင်လာသည့် ၆ ဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီး လူ ၁၆ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရ appeared first on Khit Thit Media .
Go to News Site