Khit Thit Media
ရန်ကုန်၊ မေ ၃ အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အရှေ့တီမောနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် အမှုဖွင့်ထားမှုများအပေါ် အမှုပိတ်သိမ်းရေး သံတမန်ရေးဖြင့် စစ်ကောင်စီက စတင်ကြိုးစားနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ သူ့ကိုယ်သူ သမ္မတအဖြစ် တင်မြှောက်ပြီးနောက် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန်၊ အာဆီယံနှင့် အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ် ဖော်ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် မင်းအောင်လှိုင်က နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း သန်းဆွေတို့ကို ခေါ်ယူတွေ့ဆုံကာ အရှေ့တီမောနှင့်အင်ဒိုနီးရှားနိုင်ငံတွင် ဖွင့်လှစ်ထားသော အမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံအစိုးရများနှင့် တွေ့ဆုံရှင်းပြရန်၊ ယင်းစွဲဆိုထားသောအမှုများမှာ နိုင်ငံရေးအရ သတင်းမှားများအပေါ် အခြေခံ တိုက်ခိုက်နေခြင်းဖြစ်သည်ကို ရှင်းလင်း ပြောဆိုကာ အမှုပိတ်သိမ်းရေးနှင့် […] The post အရှေ့တီမောနှင့် အင်ဒိုနီးရှားတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် အမှုဖွင့်ထားမှုများအပေါ် အမှုပိတ်သိမ်းနိုင်ရေး သံတမန်ရေးဖြင့် စစ်ကောင်စီက ကြိုးစားနေ appeared first on Khit Thit Media .
Go to News Site