Collector
တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို ပြန်ဖွင့်မည်ဟု သိရ | Collector
တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို ပြန်ဖွင့်မည်ဟု သိရ
Popular Journal

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို ပြန်ဖွင့်မည်ဟု သိရ

Credit to Popular Journal - ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို လာမည့် ပညာသင်နှစ်တွင် ပြန်ဖွင့်မည် ဟု သိရသည်။ လတ်တလော၌ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့များက (ဧပြီ ၃ ရက်)နေ့တွင် စုပေါင်းသန့်ရှင်းရေးနှင့် လိုအပ်သည်များဆောင်ရွက်နေကြကြောင်း သိရသည်။ ကျောင်းဆောင်အတွင်း လက်နက်ကြီးကျည်ကျပြီး ပျက်စီးနေမှုများရှိကာ လက်နက်ငယ်ကျ၍ ဇကာပေါက်ဖြစ်နေသော ခေါင်မိုးများ၊ မျက်နှာကြက်များ၊ စာရေးစားပွဲခုံများ၊ နံရံများကို ပြန်လည်ပြုပြင်ခြင်းများလည်း ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အတူ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်မည့်အစီအစဉ်များလည်းရှိပြီး ဗိုလ်ချုပ် စောချစ်သူနှင့် ဗိုလ်မှူးချုပ် စောမုတ်သုန်တို့က တာဝန်ယူ လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။ ထိုနည်းတူ ကျောင်းပြန်လည်ထူထောင်ရေးအတွက် ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များက ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကာ ယခုလာမည့် ပညာသင်နှစ်တွင် အထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေကြပြီ […] The post တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို ပြန်ဖွင့်မည်ဟု သိရ appeared first on Popular .

Go to News Site