Collector
မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော | Collector
မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော
Popular Journal

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော

Credit to Popular Journal - မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာအမြင်ချင်းဖ လှယ်မှုအစီအစဉ်၌  Virtual စနစ်ဖြင့်တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အသက်(၁၅)နှစ်မှ (၆၄)နှစ်အ တွင်းရှိ လူဦးရေမှာ(၆၆ ဒသမ ၉)ရာခိုင်နှုန်းရှိနေခြင်းသည် အခွန်ရငွေတိုးတက်ရရှိရေးအခွင့်အလမ်းဖြစ်ပြီး ထိုအခွင့်အရေးကို အောင်မြင်စွာအသုံးချနိုင်ရန် နိုင်ငံ တော်၏ အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် မ ဟာဗျူဟာများချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်အစိုးရများကြားရှိ ဘ ဏ္ဍာရေးချိတ်ဆက်မှုနှင့် ဘတ်ဂျက်ခွဲဝေမှုများကိုလည်း MTFF မှတစ်ဆင့်မူဝါဒအခြေခံသော ဘတ်ဂျက်နှင့် စည်းမျဉ်းအပေါ်အခြေခံသည့်ဘတ်ဂျက်တို့ဖြင့်ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်းကို နှစ်လတ်ဘဏ္ဍာရေးမူဘောင်(MTFF)ကိုအခြေ ခံရေးဆွဲထားပြီး ပြည်သူ့ရေးရာမူဝါဒများနှင့် သင့် လျော်သောစီမံကိန်းများကိုညှိနှိုင်းရေးဆွဲထားသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးကဆွေးနွေးပြောကြားခဲ့သည်။ The post မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော appeared first on Popular .

Go to News Site