Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်က ပြောသည်။ မြန်မာသံအမတ်ကြီးက တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ နင်ဘိုမြို့တွင် ဧပြီ ၂၈ ရက်မှ ဧပြီ ၃၀ ရက်အထိပြုလုပ်သည့် စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်၌ မိန့်ခွန်းပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့ရေးကိစ္စသည် အရေးပါပြီး မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝအရင်းအမြစ်များပေါကြွယ်ဝစေရေးတို့အတွက်ဆောင်ရွက်လျက်ရှိကာ အိမ်နီးခြင်းတရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်တိုးတက်အောင်မြင်ရေးပန်းတိုင်ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။ ကာဘွန်လျှော့ချရေးနှင့် စိမ်းလန်းသောပတ်ဝန်းကျင်ဖြစ်စေရန် ဒေသအလိုက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စဉ်ဆက်မပြတ် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။ ထို့ကြောင့် ရှေ့ဆက်၍ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် သန့်ရှင်းသောစွမ်းအင်၊ စိမ်းလန်းသော […] The post မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးပြော appeared first on Popular .
Go to News Site