Collector
ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း | Collector
ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း
Popular Journal

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

Credit to Popular Journal - ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇသန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသအမှူးပြုသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခု လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာတင်အဋ္ဌကထာကျမ်းစာ ၅၁ အုပ် ကွန်ပျူတာစာမူပြုစုခြင်းလုပ်ငန်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ခဲ့ခြင်းဖြစ်ကာ […] The post ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း appeared first on Popular .

Go to News Site