Collector
ကေတုမတီမြို့ဟောင်း၌ အရှည်ပေ(၂၁၀)ရှိ ရှေး ဟောင်းကျုံးကူးတံတားတည်ဆောက်မည် | Collector
ကေတုမတီမြို့ဟောင်း၌ အရှည်ပေ(၂၁၀)ရှိ ရှေး ဟောင်းကျုံးကူးတံတားတည်ဆောက်မည်
Popular Journal

ကေတုမတီမြို့ဟောင်း၌ အရှည်ပေ(၂၁၀)ရှိ ရှေး ဟောင်းကျုံးကူးတံတားတည်ဆောက်မည်

Credit to Popular Journal - ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း၌ အ ရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတားတည် ဆောက်မည်ဖြစ်ရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၃ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကေတုမတီမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးမော် ကွန်းတံခါးပေါက်နှင့် ကျုံးရေပြင်အားဖြတ်သန်း၍ အ ရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတားတည် ဆောက်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကျုံးနှင့် မြို့ရိုးကြား၌ မြေယာအလှရှုခင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။ တိုင်းဝန်ကြီးချုပ်က ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ရန်၊ LandScaping Design များ ခေတ်မီလှပစေရန်နှင့် ကျုံးကူးတံတားဘယ်/ညာ ကျုံးဆလန်ချောဆက်လက်ပြုလုပ်ရန်တို့ကို မှာကြားခဲ့သည်။ The post ကေတုမတီမြို့ဟောင်း၌ အရှည်ပေ(၂၁၀)ရှိ ရှေး ဟောင်းကျုံးကူးတံတားတည်ဆောက်မည် appeared first on Popular .

Go to News Site