Popular Journal
Credit to Popular Journal - ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေးနှင့် သေဆုံးသူလူနာများထားရှိရာ Mortuary အဆောက်အအုံသစ် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်သူများ လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုရရှိစေရေး၊ လူနာများစောင့်ဆိုင်းရမှု အချိန်ကာလလျော့ကျစေရေး၊ လူနာပြုစုကုသမှုများ ပိုမိုစနစ်ကျစေရေး၊ ပြည်သူမှ စိုက်ထုတ်ကုန်ကျငွေ အတတ်နိုင်ဆုံးလျော့နည်းစေရေးတို့ကို ဆေးရုံတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းလည်း သိရသည်။ The post ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ICU ထပ်မံတိုးချဲ့နိုင်ရေး ကျန်းမာရေးဝန်ကြီး မှာကြား appeared first on Popular .
Go to News Site