Popular Journal
Credit to Popular Journal - ၂၀၂၅ -၂၀၂၆ ခုနှစ်၏ ဖရဲ-သခွား ရာသီပြီးဆုံးသွားသော်လည်း စျေးကောင်းမရဘဲအရှုံးများခဲ့ကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြည်ပတင်ပို့သည့် ဖရဲသီး-သခွားမွှေး စျေးကွက်သည် ယခုနှစ်တွင် စံချိန်တင်အရှုံးပေါ်ခဲ့ပြီး ယခင်နှစ်များထက် ကုန် ကျစရိတ် အဆပေါင်းများစွာပိုလာကြောင်း သိရသည်။ ” ဒီနှစ်ကတော့ပြောရရင် စံချိန်တင်ပဲ။ တော်တော်ကိုရှုံးတယ်။ တရုတ်ကို တင်ပို့တဲ့နေရာမှာလည်း လမ်းခရီးကရှည်တော့ ကုန်ကျစရိတ်ကပိုများတယ်။ စိုက်တဲ့တောင်သူတွေဆိုရင်လည်း သွင်းအားစုစရိတ်တွေကမြင့်နေတာ။ စျေးကောင်းကလုံးဝမရဘူး။ အကုန်အထိနာကုန်တာပေါ့” ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။ ဈေးကွက်စဖွင့်ချိန်၂၀၂၅ခုနှစ် နိုဝင်ဘာလအစတွင် အစီးရေအနည်းငယ်သာ ဈေးကောင်းခဲ့ပြီး ရာသီကုန်ချိန်အထိ အကျဘက်ထိုးဆင်းသွားကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးထုတ်လုပ်ရေးအရင်းအနှီး မြင့်တက်လာခြင်းနှင့် မန္တလေး–တောင်ကြီး–ကျိုင်းတုံ–မိုင်းလား လမ်း ကြောင်းများမှတဆင့် သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ်များ တိုးလာခြင်းတို့ကြောင့် လုပ်ငန်းရှင်များအတွက် အခက်အခဲများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ တစ်စီးလျှင် […] The post ရာသီကုန်ဆုံးသွားချိန်အထိ ဖရဲ-သခွား စျေးကောင်းမရခဲ့ appeared first on Popular .
Go to News Site