Collector
ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim ကို ဒုသမ္မတ ဒေါ်နန်းနီနီအေး လက်ခံတွေ့ဆုံ | Collector
ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim ကို ဒုသမ္မတ ဒေါ်နန်းနီနီအေး လက်ခံတွေ့ဆုံ
Popular Journal

ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim ကို ဒုသမ္မတ ဒေါ်နန်းနီနီအေး လက်ခံတွေ့ဆုံ

Credit to Popular Journal - ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ ဆွေးနွေး မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim ကို ယမန်နေ့ က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံအကြား ဆေးဘက်ဆိုင်ရာနှီးနှောဖလှယ်ပွဲများ၊ ကုသရေးအတွေ့အကြုံများဖလှယ်ခြင်းနှင့် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုပြင် မြန်မာ – ပါကစ္စတန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေး၊ ပညာရေးနှင့် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ The post ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim ကို ဒုသမ္မတ ဒေါ်နန်းနီနီအေး လက်ခံတွေ့ဆုံ appeared first on Popular .

Go to News Site