Collector
၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ၏ စု ပေါင်းတံခွန်စိုက်ဒိုင်းကို ရန်ကုန်တိုင်းအသင်းဆွတ်ခူး | Collector
၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ၏ စု ပေါင်းတံခွန်စိုက်ဒိုင်းကို ရန်ကုန်တိုင်းအသင်းဆွတ်ခူး
Popular Journal

၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ၏ စု ပေါင်းတံခွန်စိုက်ဒိုင်းကို ရန်ကုန်တိုင်းအသင်းဆွတ်ခူး

Credit to Popular Journal - အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တို့ကကြီးမှူး၍ ရန်ကုန်မြို့၌ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ၏ စုပေါင်းတံခွန်စိုက်ဒိုင်းကို ရန်ကုန်တိုင်းအသင်းဆွတ်ခူးကဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲကို ဧပြီ ၄ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ကျင်းပရာ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြိုင်ပွဲ၌ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၃)ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်း၊ မြန်မာ့ရိုးရာစစ်တုရင်အလွတ်တန်းအသင်းလိုက်တံခွန်စိုက်ဆုဖလား၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်အလွတ်တန်းအသင်းလိုက်တံခွန်စိုက်ဆုဖလားတို့ရရှိခဲ့သည့် ရန်ကုန်တိုင်းအသင်းအား စုပေါင်းတံခွန်စိုက်ဒိုင်းနှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ စစ်တုရင်လူငယ်အသင်းလိုက်တံခွန်စိုက်ဆုဖလားရရှိသော မန္တလေးတိုင်းအ သင်းကိုလည်း တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့အတူ တာဝန်ရှိသူအသီးသီးမှလည်း ပြိုင်ပွဲအလိုက်ဆုတံဆိပ်ရရှိသူများ၊ တိုင်းနှင့် ပြည်နယ်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ The post ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ၏ စု ပေါင်းတံခွန်စိုက်ဒိုင်းကို ရန်ကုန်တိုင်းအသင်းဆွတ်ခူး appeared first on Popular .

Go to News Site