Popular Journal
Credit to Popular Journal - ဧရာဝတီတိုင်း၊ မအူပင်မြို့ကိုဗဟိုပြု၍ ယနေ့ မေ ၅ ရက်နံနက် ၃ နာရီ ၁ မိနစ် ၂၉ စက္ကန့်က အင်အားအ နည်းငယ်ရှိသောငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မအူပင်မြို့၏ အရှေ့မြောက်ဘက်(၉)မိုင်ခန့်အကွာ၊ အ နက်(၁၆)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၂ ရက်ကလည်း မအူပင်မြို့ကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၅)နှင့် မဂ္ဂနီကျူ့(၄ ဒသမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်နှစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။ The post မအူပင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ပြန် appeared first on Popular .
Go to News Site