Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံ၏သာသနာဝင်သမိုင်းတွင် အလွန်ထူးခြားထင်ရှားသည့် ဆဋ္ဌသံဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ဧပြီလ (၃၀) ရက်မှ မေလ (၂) ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့သည်။ အဆိုပါဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားတွင် သီတဂူဆရာတော်ကြီး၏ အထူးတရားပွဲဓမ္မသဘင်နှင့် စာတမ်းဖတ်ပွဲများ ကျင်းပခဲ့ကာ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ဦးမင်းအောင်လှိုင်၏ သာသနာရေးဆိုင်ရာ လျှောက်ထားချက်များဆောင်ရွက်ခြင်း၊ သံဃာတော်ရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခြင်းနှင့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် ဓာတ်ပုံပြပွဲကိုလည်း နိုင်ငံတော်သမ္မတမှ ဖွင့်လှစ်ပေးခဲ့သည်။ ယင်းဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ်မဟာမင်္ဂလာအခမ်းအနားအား ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ခမ်းနားထည်ဝါစွာကျင်းပခဲ့ကာ၊ ယခုအခမ်းအနားသည် ပြည်တွင်းရှိ သံဃာတော်များသာမက မက္ကဆီကိုနှင့် ဗင်နီဇွဲလားကဲ့သို့ အနောက်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ သံဃာတော်များနှင့် ဧည့်သည်တော်များစုံညီစွာ […] The post ကမ္ဘာလုံးဆိုင်ရာ သာသနာ့ပွဲတော်ကြီးအလား ခမ်းနားထည်ဝါခဲ့တဲ့ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား appeared first on Popular .
Go to News Site